ငပုတော ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် မူလတန်းအဆင့် Grade -5 သင်တန်းနှင့် အလယ်တန်းအဆင့် Grade သင်ကြား သင်ယူမှု ထိရောက်ရေး စွမ်းရည်မြှင့် သင်တန်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ဖွင့်လှစ်သည်။
အဆိုပါ ဆွေးနွေပွဲအအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်မိုးမိုးအေးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲတွင် Grade -5 သင်တန်းသား ၊ သင်တန်းသူ ( ၁၃၁၂) ဦးအား၊ နည်းပြ (၈၈) ဦးက ဘာသာရပ် (၅) မျိုးကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး Grade-9တွင် သင်တန်းသား၊သင်တန်းသူ ( ၇၁၃) အား ၊ သင်တန်းနည်းပြ (၅၁ ) ဦးက ဘာသာရပ် (၆) မျိုးကို နေ့စဉ် နံနက် (၉) နာရီမှ ညနေ (၄) နာရီထိ (၄) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)