ကျွန်းလှ ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အင်းကောင်းကျေးရွာ၊ အလယ်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများက ပညာရေးစုံညီသီချင်းဖြ့င့် သီးဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဖြိုးသန့်စင်ထွန်းနှင့် မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က အမှာစကားပြောကြား၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်သိန်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့် ကျောင်းဆိုင်ရာလုပ်ငန်းများ ရှင်းလင်းပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်ပြီး ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ထူးချွန်ဆုရဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများအား ဆုချီးမြှင့်ပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကြာဇံဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ