ဟင်္သာတ ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ သမဝါယမအသင်းစုရုံးတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်ကခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်းဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ ခရိုင်ကျေးလက်ဦးစီးမှူး၊ ခရိုင်ကျေးလက်လမ်းဦးစီးမှူး၊ ခရိုင်အသေးစားစက်မှုလက်မှု ဦးစီးမှူးဒေါ်ဇင်မာထွေးနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်ကလေးနှင့်အမျိုးသမီးရေးရာစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် သင်တန်းသူတစ်ဦးချင်းစီမှ မိတ်ဆက်စကားပြောကြားခဲ့ကြပြီး တက်ရောက်လာသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့်တာဝန်ရှိသူများက သင်တန်းတွင်အသုံးပြုမည့်သီးနှံများ၊ ဖျော်ရည်အမျိုးမျိုးနှင့် စက်ပစ္စည်းများအား လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ သီးနှံခြောက်တန်းဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအား ဟင်္သာတမြို့နယ် မြို့ပေါ်ရပ်ကွက်များမှ သင်တန်းသူ (၂၀) ဦးဖြင့် (၁၁. ၁. ၂၀၂၅) ရက်နေ့မှ (၁၇.၁.၂၀၂၅) ရက်နေ့အထိ (၇) ရက်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)