ကလေးမြို့ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲအခမ်းအနား ကျင်းပ

ကလေး၊ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည် စုံညီပွဲတော်” တေးသီချင်းသီဆို၍ ဖွင့်လှစ်ပေးပြီး ကလေးမြို့ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး က နှုတ်ခွန်းဆက် အမှာစကားပြောကြားရာ အခြေခံပညာကျောင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံပညာထူးချွန်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရေးတို့အတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ အားလုံးပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ဆရာဆရာမများက ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် အတန်းအလိုက် ပညာရည်ချွန်ဆုရရှိသူများ၊ မြို့နယ်အဆင့် ထူးချွန်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများ၏ အတန်းအလိုက် တေးသရုပ်ဖော်ကပြဖြေဖျော်များကို အခမ်းအနားတက်ရောက်လာသူများက ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)