ဒိုက်ဦးမြို့နယ်တွင် အခြေခံပညာ Grade - 5 နှင့် Grade-9 သင်ယူမှုအရည်အသွေးပိုမိုထိရောက်စေရန် အရည်အသွေးမြင့်ဆွေးနွေးပွဲကျင်းပ

ဒိုက်ဦး ဇန်နဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade - 5 နှင့် အလယ်တန်းအဆင့် Grade - 9 သင်ယူမှု အရည်အသွေးပိုမိုထိရောက်စေရန် အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်ကစတင်၍ ဒိုက်ဦးမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ရတနာခန်းမတွင် အခြေခံပညာမူလတန်းအဆင့် Grade - 5 ကိုလည်းကောင်း၊ ဒိုက်ဦးမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် အခြေခံပညာ အလယ်တန်းအဆင့် Grade - 9 ကိုလည်းကောင်း ကျင်းပခဲ့သည်။

အဆိုပါ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade - 5 တွင် သင်ယူမှုအရည်အသွေး ပိုမိုထိရောက်စေရန် Grade - 5 နည်းပြဆရာ၊ ဆရာမ (၁၈) ဦးတို့က Grade - 5အဆင့် ဆရာ၊ ဆရာမ (၂၉၆) ဦးတို့အားလည်းကောင်းအလယ်တန်းအဆင့် Grade-9 သင်ယူမှုအရည်အသွေး ပိုမိုထိရောက်စေရန် Grade - 9 နည်းပြဆရာ၊ ဆရာမ (၁၉) ဦးတို့က Grade - 9 အဆင့် ဆရာ၊ ဆရာမ (၂၄၄) ဦးတို့အား ဇန်နဝါရီ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၄ ရက်ကြာ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)