မင်းလှ ဧပြီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း၌ ဧပြီ (၁၃)ရက်နေ့မှ (၁၆)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သင်္ကြန်မဏ္ဍပ်တည်ဆောက်ရေးကော်မတီက ဗဟိုမဏ္ဍပ်တည်ဆောက်ခြင်း၊ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲ မုဒ်ဦးတည်ဆောက်ခြင်းနှင့် လမ်းလျှောက်သင်္ကြန်ပွဲ ပြင်ဆင်တည်ဆောက်ခြင်း၊ သင်္ကြန်ရေလုံလောက်စွာရရှိရေးအတွက် ရေပိုက်များဆောင်ရွက်ခြင်း၊ စတုဒိသာကျွေးမွေးမည့်နေရာများ တည်ဆောက်ခြင်း၊ ပြည်သူများ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာပါဝင်ဆင်နွဲနိုင်ရေးအတွက် လုံခြုံရေးအစီအစဉ်နေရာများအား ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲကို ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါက်စ (မင်းလှ)