သဲကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ လူငယ်ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

သဲကုန်း ဧပြီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ ဗလငါးတန်ပြည့်စုံကြွယ်ဝစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ လူငယ်​ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က အင်းမမြို့၊ သီရိရတနာရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ကျောင်းသား/ကျောင်းသူများအနေဖြင့် စာဖတ်ရှိန်မြင့်မားပြီး ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်ချိန်များတွင် စာပေဖတ်ရှုတက်သော အလေ့အကျင့်ကောင်းများရရှိစေရန်၊ အားလပ်ချိန်များတွင် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများ လာရောက်ငှားရမ်းဖတ်ရှုကြရန်၊ စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများနှင့် နွေရာသီတွင် ဂရုပြုလိုက်နာရမည့်အချက်များ၊ လူငယ်များသိသင့်သိထိုက်သော ဗဟုသုတအကြောင်းအရာများ၊ social media အသုံးပြုခြင်း၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ၊ Online ငွေကြေးလိမ်လည်မှုအကြောင်းအရာများ၊ လူကုန်ကူးမှုအန္တရာယ်နှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများသုံးစွဲခြင်း၏ ဘေးအန္တရာယ် စသည့်အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီး၊ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)