အင်းမမြို့တွင် စားအုန်းဆီအရောင်းဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ တာဝန်ရှိသူများ လိုက်လံစစ်ဆေး

သဲကုန်း ဧပြီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြည်သူများအနေဖြင့် စားအုန်းဆီဝယ်ယူရာတွင် ရည်ညွှန်းစျေးနှုန်းအတိုင်း ဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်၍ စားအုန်းဆီအရောင်းဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက သဲကုန်းမြို့နယ်၊ အင်းမမြို့ရှိ စားအုန်းဆီအရောင်းဆိုင်များအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အင်းမမြို့အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဟိန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးထင်ဇော်ထွန်း၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက စားအုန်းဆီလက်လီ/လက်ကား ရောင်းချပေးလျက်ရှိသော စားအုန်းဆီရောင်းချသူများအား စားအုန်းဆီသတ်မှတ်ခွဲတမ်းအတိုင်း အပြည့်အဝရရှိမှုရှိ/မရှိနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိမရှိတို့အား လိုက်လံစစ်ဆေးကြပြီး စားသုံးသူပြည်သူများ ဈေးနှုန်းမှန်ကန်စွာဖြင့် အခက်အခဲမရှိ ဝယ်ယူစားသုံးနိုင်ရေး၊ ရောင်းချပေးနေသော ဆီအမျိုးအစားနှင့် စျေးနှုန်းအခြေအနေများ၊ စားအုန်းဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး စစ်ဆေးခဲ့ပြီး အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)