ကသာမြို့၌ ပြာသိုလပြည့် (အမေများ)နေ့တွင် စတုဒီတာကျွေးမွေးလှူဒါန်းခြင်းများဖြင့် စည်ကားလျက်ရှိ

ကသာ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ပြာသိုလပြည့် (အမေများ)နေ့ စတုဒီတာကျွေးမွေးလှူဒါန်းခြင်းဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကသာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်တို့တွင် အလှူရှင်များစုပေါင်း၍ ကြာဇံချက်၊ မုန့်ဟင်းခါး၊ ထမင်းနှင့် ရိုးရာအစားအစာတို့ကို ရပ်ကွက်အလိုက် ကျွေးမွေးလှူဒါန်းခြင်းဖြင့် ကုသိုလ်ယူကာ ဒေသခံပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ၊ ခရီးသွားပြည်သူများများ အေးချမ်း‌ပျော်ရွှင်စွာ အားပေးသုံးဆောင်ခဲ့ကြကြောင်း သိရသည်။

ကသာမြို့၌ နေ့ထူး၊ နေ့မြတ်များတွင် တစ်ဦးတည်းအလှူရှင်များ၊ အသင်းအဖွဲ့များ၊ အလှူရှင်များစုပေါင်း၍ ကုသိုလ်အလှူဒါနများအဖြစ် စတုဒီတာများကို စဉ်ဆက်မပြတ် ကျွေးမွေးကြလျက်ရှိကြောင်း သိရသည်။

ရဲလင်းထွန်း(ပြန်/ဆက်)