ပြည် ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့၊ ပြည်တော်သာ အရန်မီးသတ်တပ်ဖွဲ့စခန်း၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အမှာစကားပြောကြားပြီး ပြည်မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်လင်းစိုးက သင်တန်း၏ရည်ရွယ်ချက်နှင့် စည်းမျဉ်းစည်းကမ်းများအကြောင်းကို ရှင်းလင်းပြောကြားကာ သင်တန်းသားများအတွက် တူညီဝတ်စုံများပေးအပ်ခဲ့သည်။
ထို့နောက် ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သင်တန်းတွင်အသုံးပြုရန် ချီးမြှင့်ငွေပေးအပ်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူးက ပြည်မြို့၌ကျင်းပခဲ့သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့သော အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် သင်တန်းသို့ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား (၅၀) ဦး တက်ရောက်ပြီး သင်တန်းတွင် နည်းပြ (၅) ဦးဖြင့် ပြည်သူ့အကျိုးပြု မီးသတ်/ရှာဖွေကယ်ဆယ်ရေးနည်းပညာများကို သင်တန်းကာလ ဇန်နဝါရီ ၁၃ ရက်မှ ၂၄ ရက်နေ့အထိ စာတွေ့/လက်တွေ့ သင်ကြားပို့ချ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)