တောင်တွင်းကြီးမြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု  (၁/၂၀၂၅) အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

တောင်တွင်းကြီး ဇန်နဝါရီ  ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (/၂၀၂၅) အခြေခံ​သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၁) နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၇၁) စက်မှုလယ်ယာစခန်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက နိုင်ငံတော်ဟာ စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်သည့်အတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် စက်မှုလယ်ယာစနစ်ကူးပြောင်းရေးကိုဆောင်ရွက်လျက်ရှိရာ လယ်ယာလုပ်ငန်းခွင်တွင် လုပ်ကိုင်ဆောင်ရွက်နေသော တောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်စွာကိုင်တွယ်သုံးစွဲတက်စေရန်နှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာစေရန်ရည်ရွယ်၍ ယနေ့သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပြီး စက်မှုလက်ယာဦးစီးဌာန၊ အမှတ် (၇၁) စက်မှုလယ်ယာစခန်းမှ ဦးစီးအရာရှိ ဦးတိုးမြင့်ပိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းတွင် သင်ကြားပို့ကြားမည့် ဘာသာရပ်များနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှုသင်တန်း(အခြေခံ)သင်တန်းကို ဇန်နဝါရီ ၁၃ ရက်နေ့မှစတင်၍ ဇန်နဝါရီ ၂၄ ရက်နေ့ထိ ရက်သတ္တပတ် (၂)ပတ်ကြာ ​ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။

နောင်နောင် (ဗိဿနိုးမြေ)