ကွန်ဟိန်း ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း(နမ့်ကုန်)တွင် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာမူလတန်းကျောင်း(နမ့်ကုန်)မှ ကျောင်းသား၊ကျောင်းသူလေးများက "စုံညီပွဲတော် တို့နွဲပျော်" သီချင်းဖြင့် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းဖြူဆိုင်နှင့်
နမ့်ကုန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကာလိန်တို့မှ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုနှင့် ကာယ၊ ဉာဏဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပြီး အခြေခံပညာမူလတန်းကျောင်း(နမ့်ကုန်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးငြိမ်းသူမှ ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးသူများကို ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများက တေးသီချင်း သရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)