ခန္တီး ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်၍ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးနှင့် နာဂပွဲတော်ကာလအတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ လှေကားများ ဆောင်ရွက်ထားရှိမှုများအား ယမန်နေ့နံနက် (၉) နာရီအချိန်က ဇီးဖြူကုန်းရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ခန္တီးမြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မျိုးဝင်းက မီးလောင်မှု မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးတွက် စနစ်တကျမီးသုံးစွဲကြရန်၊ မီးများသုံးစွဲပြီးပါက စနစ်တကျ ငြှိမ်းသတ်ကြရန်၊ မလိုအပ်ဘဲမီးကို အသုံးမပြုကြရန် ပြောကြားခဲ့ကာ မီးလောင်မှုဖြစ်ပွားခဲ့ပါက ရှေးဦးမီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးသတ်ဆေးဘူး၊ သဲပုံး၊ ရေပုံး၊ မီးချိတ်၊ မီးကပ်ထားရှိမှုများအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)