ဆိပ်ဖြူ ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်သတိပြုရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်က မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
ယနေ့အချိန်အခါသည် ပွင့်လင်းခြောက်သွေ့ရာသီသို့ရောက်ရှိလာသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ရှောင်ကြဉ်ရမည့်လုပ်ငန်းများအား မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးအေးမင်းမောင်၏ ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူများထံ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)