မော်လမြိုင်ကျွန်း ဧပြီ ၁၁
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်မော်လမြိုင်ကျွန်းမြို့နယ် အမှတ် (၉) ရပ်ကွက်၊ စံပယ်လမ်းရှိ ဦးအောင်မင်းစိန်၏ နေအိမ်၌ ယနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ခန့်က မီးဖိုဆောင်ရှိ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ခဲ့ရာ စုစုပေါင်း နေအိမ် (၃) လုံး မီးလောင်ဆုံးရှုံးကြောင်း သိရသည်။
အဆိုပါ မီးလောင်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇော်ဦးဆောင်သည့် မီးသတ်သန္ဓေ(၂၀)၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀) ဦးနှင့် ရပ်ကွက်ပြည်သူများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မွန်းလွဲ (၁၂)နာရီ မိနစ်(၅၀)တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် အဆိုပါ မီးစတင်လောင်သည့် နေအိမ်မှ ဦးအောင်မင်းစိန်အား မြို့နယ်ရဲစခန်းမှအမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မီးလောင်မှုကြောင့် ဒုက္ခသည်အိမ်ထောင်စု(၃)စုအား နီးစပ်ရာဆွေမျိုးများ နေအိမ်တွက် ခေတ္တနေရာချထားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)