လားရှိုးမြို့တွင် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ ဆောက်လုပ်နေမှုအား တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး

လားရှိုး ဧပြီ ၁၁

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အား ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ အမှတ် ၁ သီရိမဟာရပ်ကွက်၊ နယ်မြေ ၆ ရှိ လွတ်လပ်ရေးပန်းခြံအတွင်း၌ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်‌‌ရေး ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ ဆောက်လုပ်နေမှုအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကြည့်ရှုစစ်‌ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ (လားရှိုး) မှ ဌာနခွဲတာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်နှင့် တာဝန်ရှိသူများက လားရှိုးမြို့ လွတ်လပ်ရေးပန်းခြံအတွင်း၌ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ ဆောက်လုပ်နေမှုအခြေအနေများ၊ လမ်းလျှောက်သင်္ကြန်၊ ကော်ဖီသင်္ကြန်နှင့် စတုဒီတာဧည့်ခံကျွေးမွေးနိုင်ရေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်‌ဆေးကာ လိုအပ်သည်များအား မှာကြားခဲ့သည်။

အဆိုပါ လားရှိုးမြို့၏ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ရိုးရာမပျက်ကျင်းပမည်ဖြစ်ပြီး ပြည်သူများ သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန်၊ ကော်ဖီသင်္ကြန်၊ စတုဒီတာကျွေးမွေးဧည့်ခံခြင်း၊ ယိမ်းအကအလှများနှင့် တေးသံရှင် အဆိုတော်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)