အလုံ ဧပြီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ၂၀၂၆ ခုနှစ် ဧပြီလ (၁၃) ရက်နေ့မှ (၁၆) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။
အလုံမြို့နယ်တွင် ရွှေလုံမောင်မယ်ဖျော်ဖြေရေးမဏ္ဏပ်၊ လမ်းလျှောက်သင်္ကြန်ရေကစားမဏ္ဏပ်နှင့် စတုဒီသာမဏ္ဏပ်ဆောက်လုပ်မှုနှင့် ပြင်ဆင်နေမှုများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်တာဝန်ခံ ဦးကျော်ကျော်ဝင်း (အင်/ယာမှူး) နှင့်အဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကိုကို၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်မှူး ဦးမောင်မောင်ထွန်းတို့က လိုအပ်သည်များ ညှိနှုင်းဆောင်ရွက်ခဲ့သည်။
အလုံမြို့နယ်တွင် ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း၊ လမ်းလျှောက်သင်္ကြန်နှင့် ရေကစားမဏ္ဍပ်များ ဆောင်ရွက်ခြင်း၊ စတုဒိသာများ ကျွေးမွေးဧည့်ခံခြင်း ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးမဏ္ဍပ်ကို အလုံမြို့နယ် စောရန်ပိုင်တောင်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းတွင် ဆောက်လုပ်လျက်ရှိပြီး၊ လမ်းလျှောက်သင်္ကြန်၊ ယိမ်းအဖွဲ့များဖြင့် ဖျော်ဖြေဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေလုံသား (မြို့နယ်ပြန်/ဆက်)