တနိုင်း ဧပြီ ၁၁
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ သင်္ကြန်မဏ္ဍပ်နှင့် ယိမ်းအကဖွဲ့များအား ယနေ့နံနက်ပိုင်း ၁၀ နာရီက လိုက်လံကြည့်ရှုစစ်ဆေးရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးနှင့် အဖွဲ့ဝင်များက မြို့မစျေးရှေ့ရှိ ဗဟိုမဏ္ဍပ်၊ မြို့နယ်ရဲစခန်းရှေ့ရှိ ရေကစားမဏ္ဍပ်၊ ရွှေပင်လယ်စားသောက်ဆိုင်ရှေ့ ရေကစားမဏ္ဍပ်၊ ဟူးကောင်းခန်းမရှေ့ ရေကစားမဏ္ဍပ်၊ အ.ထ.က- ၁ ကျောင်းရှေ့ရေကစားမဏ္ဍပ် စုစုပေါင်း မဏ္ဍပ်ငါးခုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ အ.ထ.က-၁ ကျောင်း၌ လေ့ကျင့်နေသည့် ယိမ်းအဖွဲ့နှင့် အိုးစည်ဒိုးပတ် သံချပ်အဖွဲ့ကိုလည်းကောင်း၊ ဖျော်ဖြေရေးအတွက်လေ့ကျင့်နေသည့် ဂီတဝိုင်းကိုလည်းကောင်း၊ ပုန်ခုန်းကောင်းရပ်ကွက်ရှိ ကျောက်တိုင်အတွင်း၌ ကစားကွင်းကိုလည်းကောင်း၊ အ.ထ.က-၂ ကျောင်း၌ လေ့ကျင့်သည့် ယိမ်းအဖွဲ့များလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)