ရမည်းသင်း ဇန်နဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများအား ချည်မျှင်ရှည်ဝါ Grade ခွဲခြားဝယ်ယူရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရွှေဒါးသာစည်အုပ်စု၊တိုးပွားကြီး ဝါကြိတ်စက်ရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်ကဝါသီးနှံ ဝါသီးနှံလျာထားချက် ပြည့်မီအောင်စိုက်ပျိုး ရေးနှင့်အထွက်နှုန်းကောင်းမွန် ဆွေးနွေးပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်မျိုးဝေနှင့် မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးသန့်တို့က ဝါအထွက်နှုန်းကောင်းစေရန် မျိုးကောင်းမျိုးသန့်စိုက်ပျိုးရေး၊သွင်းအားစုများအချိန်မီ သုံးစွဲရန်နှင့် ချည်မျှင်ရှည်ဝါ Grade ခွဲခြားဝယ်ယူခြင်းဆိုင်ရာများကို တောင်သူများအား ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် ဝါစိုက်တောင်သူများမှ မျိုးကောင်းမျိုးသန့်ဝယ်ယူရရှိရေးနှင့် သွင်းအားစုများထည့်သွင်းအသုံးပြုမှုဆိုင်ရာများကို မေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးကြသည်။
ထို့နောက် ကတင်အုပ်စု၊ ပေါက်အိုင်အုပ်စုနှင့် သိမ်ကုန်းအုပ်စုတို့မှ ဝါစိုက်တောင်သူများ ဝါ(၁၅၉၀)ပိဿာစုပေါင်း ရောင်းချရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်းများ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ချည်မျှင်ရှည်ဝါ Gradeခွဲ ဝယ်ယူမှုကို ကြည့်ရှုအားပေးကြသည်။
ရမည်းသင်းမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ခုနှစ်၊ ချည်မျှင်ရှည်ဝါ စိုက်ပျိုးရန် မိုးကြိုဝါ ၂၄၅၀ ဧက လျာထားပြီး မိုးဝါ(၃၄၆၆)ဧကနှင့် မိုးနှောင်းဝါ(၄၀၃၆၂)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ခရိုင်(ပြန်/ဆက်)