မြစ်သား ဇန်နဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပွင့်လင်း ရာသီရောက်ရှိလာပြီ ဖြစ်သောကြောင့် Green Power Solar Project သို့သွားရောက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးအရာရှိ ဦးအောင်မင်းကျော် ဦးဆောင်ပြီး မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးအကြံပြုခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်းတို့အား ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်တွေ့ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်မင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှု အမျိုးအစားများအလိုက် မီးငြှိမ်းသတ်ခြင်းများကို မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ရေသယ်ယာဉ်၊ မီးသတ်ဆေးဘူးများ အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ရေးဇာတ်တိုက် လေ့ကျင့်သရုပ်ပြသခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူးဖြင့်မီးငြှိမ်းသတ်မှုလက်တွေ့ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးအောင်မင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ Green Power Solar Project မှ တာဝန်ရှိသူများ နှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)