မြို့သစ် ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုတိုင်းဒေသကြီးငွေလုံးငွေရင်း (ပြင်ထိမ်း) အထွေထွေပိုလျှံရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် ဌာနတင်ဒါလုပ်ငန်းများအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးဝင်းမိုးထိုက်နှင့် မကွေးခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆလိုင်နေအောင်ဆန်းတို့မှ ယမန်နေ့က မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ လမ်း/တံတားများအား ဒီဇိုင်းသတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီအောင် အလေးထားဆောင်ရွက်ရန်နှင့် လုပ်ငန်းများအား သတ်မှတ်ရက်အတွင်းစောလျင်စွာအချိန်မီ ပြီးစီးနိုင်ရေးအလေးထား ဆောင်ရွက်ရန်လမ်းညွှန်မှာကြားခဲ့ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်ဦးထံမှ သိရသည်။
မြို့သစ် ပြန်/ဆက်