လက်ပံတန်း ဧပြီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖြစ်သော ရှေးထုံးစဉ်လာများနှင့်အညီ စတုဒီသာကျွေးမွေးလှူဒါန်းခြင်းနှင့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို ဧပြီ ၁၃ ရက် နံနက် ၉ နာရီက မြို့မဈေး (၁) လမ်း၌ ဖွင့်လှစ်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
လက်ပံတန်းမြို့နယ် မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်နှင့် စတုဒီသာမဏ္ဍပ်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့်အဖွဲ့ဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး စတုဒီသာကျွေးမွေးခြင်းကို ဧပြီ ၁၃ ရက် နေ့မှ ဧပြီ ၁၆ ရက်နေ့အထိ မနောမယထမင်း၊ မုန့်ဟင်းခါး၊ နို့စိမ်းခေါက်ဆွဲတို့ဖြင့် ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရပ်ကွက်ကျေးရွာများ၌ စတုဒိသာများကျွေးမွေးခြင်း ဆောင်ရွက်လျက်ရှိရာ ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ ရေဆော့ကစားနိုင်စေရန် လုံခြုံရေးများလည်း ထားရှိပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)