ကွန်ဟိန်း ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအား ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-(၃) ဒေါ်ထွေးထွေးခိုင်က လူငယ်များ မိမိအသိပညာစွမ်းရည်များ တိုးတက်မြင့်မားအောင် စာအုပ်စာပေများကို လေ့လာဖတ်ရှုဖို့လိုအပ်ကြောင်း စာအုပ်စာစောင်တွေဖတ်မှ အသိပညာဗဟုသုတ တိုးပွားမည်ဖြစ်ကြောင်း၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး စာအုပ်စာပေတွေကနေ ရရှိလာတဲ့ အသိပညာဗဟုသုတများနဲ့ မိမိရဲ့ဘဝကို တိုးတက်မြင့်မားလာအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပညာပေးဟောပြောပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများမှ တစ်ဦးချင်းအလိုက် စာဖတ်ခြင်းများအား ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းနောက် ဆုရရှိသူများအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူများမှ အသိပညာပေး နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)