မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ချောက်မြို့ ၆၆/၁၁ ကေဗွီ၊(၂၀)အမ်ဗွီအေ ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

မကွေး ဇန်နဝါရီ ၁၆

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီးအဆင့် သက်ဆိုင်ရာဌာန အကြီးအကဲများလိုက်ပါကာ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်းက ချောက်မြို့နယ် ချောက်-ဂွေးချို ကားလမ်းအနောက်ဘက်တွင် တည်ရှိသော ချောက်မြို့ ၆၆/၁၁ကေဗွီ၊(၂၀)အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ချောက်မြို့ ၆၆/၁၁ကေဗွီ၊(၂၀)အမ်ဗွီအေ ဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး၊ ဓာတ်အားခွဲရုံ ရှင်းလင်းဆောင်တွင်  ချောက်မြို့မီးလင်းရေးကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ရာ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးက ချောက်မြို့ ၆၆/၁၁ ကေဗွီ၊(၂၀)အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ၊ ချောက်မြို့နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း (၈၂.၈၃) ရှိသော မြို့နယ်တစ်ခုဖြစ်ပြီး၊ ချောက်မြို့နယ်အတွင်းသို့ 132AW ချောက်ပင်မ ဓာတ်အားခွဲရုံမှ ၁၁ ကေဗွီ ဖီဒါ(10)ဖီဒါဖြင့် ဓာတ်အားရယူပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့လည်းကောင်း၊ ကြွေသီးစက်ရုံသို့လည်းကောင်း၊ H2O2 စက်ရုံသို့လည်းကောင်း၊ ချောက်ရေနံမြေသို့လည်းကောင်း၊ ၆၆ ကေဗွီ ဂွေးချိုဓာတ်အားခွဲရုံမှ ကျေးရွာများသို့လည်းကောင်း ဓာတ်အားဖြန့်ဖြူးဆောင်ရွက်လျက်ရှိပြီး၊ မြို့နယ်အတွင်း၌ ဓာတ်အားသုံးစွဲသူဦးရေ စုစုပေါင်းမှာ (၂၈၅၃၇)ဦးရှိပြီး၊ လက်ရှိတွင် မြို့ပေါ်(၁၅)ရပ်ကွက်နှင့် ကျေးရွာ(၁၃၅)ရွာ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကာ၊ လျှပ်စစ်ဓာတ်အားလွှမ်းခြုံမှုအနေဖြင့် (၉၆. ၈၈%)ခန့်ထိ လွှမ်းခြုံဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ၆၆/၁၁ကေဗွီ၊(၂၀)အမ်ဗွီအေ ခွဲရုံတည်ဆောက်ရခြင်းမှာ ယခင်လျာထားချက်ဖြစ်သော ချောက်ပင်မ ဓာတ်အားခွဲရုံရှိ ၆၆ ကေဗွီ Spare Switchyard မှ ဓာတ်အားရယူ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းပိုင် ၆၆ ကေဗွီ ခွဲရုံမှ ၁၁ ကေဗွီ Feeder များအား မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအား ဓာတ်အားဖြန့်ဖြူးခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လိုသောကြောင့်ဖြစ်ပါကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့်လည်း ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့ပြီး၊ ၆၆/၁၁ ကေဗွီ၊ (၂၀)အမ်ဗွီအေ ချောက်ဓာတ်အားခွဲရုံ တည်‌ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ၆၆/၁၁ကေဗွီ၊(၂၀)အမ်ဗွီအေ တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်ထောင်စုဘတ်ဂျက် (၃၄၉၂.၄၇၇)ကျပ်သန်းဖြင့် တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ (132)kV ချောက်ပင်မ ဓာတ်အားခွဲရုံမှတဆင့် 66kVလိုင်း (၂၅၀) ပေဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းပိုင် 66/11kV,20MVA - ချောက်ခွဲရုံသို့ ဓာတ်အားရယူ၍ ချောက်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအား ဗို့အားပြည့်ဝစွာ ရရှိသုံးစွဲနိုင်စေရန်၊ ထိန်း/ပြင် လုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်စေရန်နှင့် ဓာတ်အားသုံးစွဲနေသာ ကျေးရွာများနှင့် မရရှိသေးသော ကျေးရွာများအား ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန်အတွက် 11kV ဓာတ်အားလိုင်းများဖြင့် ဓာတ်အားဖြန့်ဖြူးဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ချောက်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ ဗို့အားပြည့်မှီစွာ ဓာတ်အားသုံးစွဲနိုင်ခြင်း၊ ထိန်း/ပြင်လုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူစွာဆောင်ရွက်နိုင်ခြင်းနှင့် ဓာတ်အားသုံးစွဲနေသာ ကျေးရွာများနှင့် ဓာတ်အားမရရှိသေးသော ကျေးရွာများအား ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်မည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြာင်း သိရသည်။

မောင်ညီညာ