ပေါင်းတည်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကွင်းဆင်း ဆောင်ရွက်

ပေါင်းတည် ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြန်ကြားရေးဦးစီးဌာနသည် ဘုရားငါးဆူကျေးရွာအုပ်စု၊ အုန်းသုံးပင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို အ​ခြေခံပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက စာအုပ်စာပေ လူ့မိတ်ဆွေခေါင်းစဉ်ဖြင့်ဟောပြောကာ စာကြည့်တိုက်လက်ထောက်(၃)က အသိပညာပေးပုံပြင်များ ပြောကြားခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဦးနိုင်ဝင်းသိန်းက စားသုံးရန်မသင့်သော အစားအစာများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့​ကြသည်။

ယင်းနောက် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ကြရာ ကျောင်းသား၊ ကျောင်းသူလေးများအား မူးယစ်ဆေးဝါးဆိုးကျိုးနှင့် လူကုန်ကူးမှူအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခဲ့ကြကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက်)