စမ်းချောင်း ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် မြေအောက် ရေပိုက်ခေါင်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ်အတွင်း မီးဘေးလုံခြုံရေး၊ မီးငြှိမ်းသတ်ရေးအတွက် ရေရရှိစေရန် မြို့နယ်အတွင်း တပ်ဆင်ထားသော မြေအောက်ရေပိုက်ခေါင်း (Hydrants) များ၊ စက်ရေတွင်းများ၊ ကောင်းမွန်မူရှိစေရေးနှင့်၊ အသုံးပြုနိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာသို့ စမ်းချောင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာစိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရဆွေနှင့်တပ်ဖွဲ့၀င်များ မြို့နယ်စည်ပင်သာယာ လက်ထောက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရေသန့်တာ၀န်ခံနှင့် ၀န်ထမ်းများပူးပေါင်း၍ စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)