သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများပုံမှန်ငှားရမ်းပေး

သံတောင်ကြီး ဇန်နဝါရီ ၁၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်းတွင် ယနေ့နံနက်(၉)နာရီမှ ညနေ ၄ နာရီခွဲအထိ စာအုပ်စာစောင်၊ ရသ၊ ဗဟုသုတရရှိစေသည့်စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နေ့လယ်(၁၂) နာရီကျောင်းဆင်းချိန်နှင့် ညနေ ၃နာရီခွဲကျောင်းဆင်းချိန်များတွင် ကျောင်းသား/ကျောင်းသူများက စာကြည့်တိုက်တွင်းသို့ စာအုပ်/စာစောင်များလာရောက်ငှားရမ်း ဖတ်ရှုလျက်ရှိကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် သံတောင်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးဝန်ထမ်းများ၊  ဒေသခံပြည်သူများ၊  ကျောင်းသူ၊ ကျောင်းသားများ၊ လူငယ်လူရွယ်များအား မြို့နယ်စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဗဟုတကြွယ်ဝပြည့်စုံသောလူငယ်များဖြစ်စေရန်ရည်ရွယ်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်အား တနင်္လာနေ့မှသောကြာနေ့အထိ နေ့စဉ်ရုံးချိန်အတွင်း ပုံမှန်ဖွင့်လှစ်ကာ သုတ၊ ရသစာအုပ်စာစောင်များ၊ အသိပညာဗဟုသုတများရရှိစေမည့် စာအုပ်စာစောင်များကို ဖတ်ရှုစေခြင်း၊ ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်နော်မူ