မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်းကျောင်း(နောင်တုံ)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

မိုင်းခုတ် ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်းကျောင်း (နောင်တုံ)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းခုတ်မြို့၊ နယ်မြေခံတပ်နယ်မှ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး သိန်းဇော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် (A)အဆင့်ဖြင့်အောင်မြင်သော စတုတ္ထတန်းမှ KG တန်းအထိ ဆုရရှိသောကျောင်းသား၊ ကျောင်းသူများနှင့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အားကစားပြိုင်ပွဲများတွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား နယ်မြေခံတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး သိန်းဇော်မိုး၊ မိုင်းခုတ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်၊ အ​ခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်မေစိုးနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းများအား ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အ.မ.က(နောင်တုံ)မှ ကျောင်းဆရာ ဦးအောင်မိုးက ကျောင်းအတွက် အဖက်ဖက်မှ ကူညီပံပိုးပေးသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ရာအခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဂုဏ်ပြုဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့​ကြောင်း သိရသည်။

အောင်လွင်ဌေး(ပြန်/ဆက်)