စလင်းမြို့နယ်တွင် ဒို့မေတ္တာ (အခမဲ့) ကုသိုလ် (၈) မျိုး ကျန်းမာရေးနှင့်နာရေးကူညီမှုအသင်းမှ ဒုတိယအကြိမ် ကျန်းမာရေးချို့တဲ့ဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေး 

မကွေးတိုင်းဒေသကြီး  မင်းဘူခရိုင်  စလင်းမြို့၊ ပုထိုးဖြူရပ်ကွက် ဒို့မေတ္တာ (အခမဲ့) ကုသိုလ် (၈) မျိုး ကျန်းမာရေးနှင့်နာရေးကူညီမှုအသင်းမှ ၁၃၈၆ ခုနှစ် ပြာသိုလပြည့်ကျော် (၅) ရက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၁၈)ရက် နံနက်ပိုင်းမှ စတင်ကာ နေ့လယ် (၁) နာရီအချိန်အထိ စေတနာရှင် ဆေးဝါးကျွမ်းကျင် ဆရာဝန်များနှင့်ပူးပေါင်းကာ ရပ်ဝေးရပ်နီးမှ ကျန်းမာရေးချို့တဲ့သူ ရဟန်းရှင်လူပြည်သူများအား  ဇန်နဝါရီလ ဒုတိယအကြိမ်အဖြစ် ဆေးကုသပေးလျက်ကြောင်း  သိရသည်။

အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အာစရိယပူဇော်ပွဲနှင့် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အာစရိယပူဇော်ပွဲနှင့် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လဲချား-ဆီကုန်း-ဝမ်ဝေါင်-နားမန်း-ဟတ်လိလမ်း ကျောက်မှကတ္တရာလမ်း ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

သမဝါယမနှင့်‌ကျေးလက်လမ်းဖွံ့ဖြိုးရေးဝန်ကြီးဌာန လဲချားမြို့နယ် ကျေးလမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လဲချား-ဆီကုန်း-ဝမ်ဝေါင်-နားမန်း-ဟတ်လိလမ်း ကျောက်မှကတ္တရာလမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်စစ်ဆေးသည်။

ကျုံပျော်မြို့နယ်တွင် မြစိမ်းရောင် (အသားကဏ္ဍ) (၈) ကြိမ်မြောက် ပေးအပ်ပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဦးဆောင်ကာ ရေစခန်းကျေးရွာအုပ်စု၊ သရက်တောကျေးရွာသို့ မြစိမ်းရောင် (အသားကဏ္ဍ) (၈)ကြိမ်မြောက်ပေးအပ်ပွဲ အခမ်းအနားကို အဆိုပါ ဦးစီးဌာနရုံး၌ ယ‌မန်‌နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။

ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့လေ့လာရေးခရီးစဉ် ပို့ဆောင်ပေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာ၌ ဖွင့်လှစ်ထားသည့် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာတွေ့သင်ကြားမှုအပြင် မြေပြင်ကွင်းဆင်း လက်တွေ့လေ့လာနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ဇန်နဝါရီလ (၁၇)ရက်နေ့က မြို့နယ်အတွင်းရှိ ဆောင်းသီးနှံများ စိုက်ပျိုးအောင်မြင်နေသော ကွင်းများသို့ လေ့လာရေးခရီးစဉ် ပို့ဆောင်ပေးခဲ့ကြသည်။

ဒုတိယဝန်ကြီး ဦးဝင်းရှိန် တောင်ကြီးမြို့တွင် ရေဘေးသင့် အာမခံအလုပ်သမားများကို လူမှုဖူလုံရေး အကျိုးခံစားခွင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ရေဘေးသင့်အာမခံ အလုပ်သမားများကို လူမှုဖူလုံရေးအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေးရန် ပြည်နယ်လူမှုရေးရာဝန်ကြီးထံ လွှဲပြောင်းပေးအပ်ခြင်း၊ အလုပ်ခွင် ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စက်ရုံ၊ အလုပ်ရုံ နှင့်အလုပ်ဌာနများမှ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဥတ္တရသီရိမြို့နယ်၌ ဖောင်းလောင်ဆည်ရေသောက်ဧရိယာရှိ မိုးကြိုစပါးစိုက်ပျိုးမည့် ဒေသခံတောင်သူများနှင့်တွေ့ဆုံ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ဖောင်းလောင်ဆည်ရေသောက်ဧရိယာရှိ မိုးကြိုစပါးစိုက်ပျိုးမည့် ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မင်းကုန်းအုပ်စု အုပ်ချူပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

မင်းလှမြို့၌‌ မွေးမြူရေးဆောင်ရွက်ရာတွင် စနစ်တကျမွေးမြူနိုင်ရေးနှင့် စိုက်ပျိုးရေး နည်းစနစ်များဆိုင်ရာ ပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မွေးမြူရေးဆောင်ရွက်ရာ၌ စနစ်တကျမွေမြူနိုင်ရေးနှင့် စိုက်ပျိုးရေးနည်းစနစ်များဆိုင်ရာ ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက တောင်ဦးကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံနှင့် ရေခါးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတို့တွင် ကျင်းပခဲ့သည်။

စမ်းချောင်းမြို့နယ်၌ ဆက်သွယ်‌ရေးကုမ္ပဏီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ မြို့နယ်အဆင့် ဖယ်ရှားရှင်းလင်းရေးအဖွဲ့မှ ဆက်သွယ်ရေးကုမဏီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ (၂) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နှင့် သမန်းရင်းကျေးရွာကြားရှိ မုန်းချောင်းကို အဆင်ပြေစွာ သွားလာနိုင်ရန် ဒေသခံပြည်သူများ စုပေါင်းပြီး ယာယီဝါးတံတား ဆောက်လုပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နှင့် သမန်းရင်းကျေးရွာရှိ မုန်းချောင်းကို ဒေသခံပြည်သူများ အဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်ရေးအတွက် ဇန်နဝါရီ ၁၇ ရက်နေ့က ရပ်ကွက်‌နေပြည်သူများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ စုပေါင်းပြီး ယာယီဝါးတံတား ဆောက်လုပ် လျက်ရှိကြောင်း သိရသည်။
Subscribe to