စမ်းချောင်း ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ မြို့နယ်အဆင့် ဖယ်ရှားရှင်းလင်းရေးအဖွဲ့မှ ဆက်သွယ်ရေးကုမဏီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ (၂) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘ၀င်းက မြို့နယ်အတွင်း ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေးအတွက် ဖယ်ရှားရှင်းလင်းဆောင်ရွက်မည့် အစီအမံနှင့်ပတ်သတ်၍ ဆွေးနွေးပြောကြားခဲ့သည်။
ထိုနောက် အစည်းအဝေးသို့ တက်ရောက်လာသော ဆက်သွယ်ရေးကုမ္ပဏီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)