မိုင်းတုံမြို့နယ် အ.ထ.က မိုင်းတုံ၌ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် အ.ထ.က မိုင်းတုံတွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ယနေ့နံနက်ပိုင်းက အ.ထ.က မိုင်းတုံ စာသင်ကျောင်းခန်း၌ စာကျက်ဝိုင်းများဆောင်ရွက်၍ အနီးကပ်ကြီးကြပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ ကျောင်းအကျိူးဆောင်အဖွဲ့များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ ကျောင်းသူ/ သား မိဘပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။