အ.လ.က(ရေနံမြေ) ကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

အ.လ.က(ရေနံမြေ) ကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ ရွှေတောင် ဇန်နဝါရီ ၁၈ မြို့နယ်(ပြန်/ဆက်)

မိုင်းဖြတ်မြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လင်းရောင်ခြည် စာကြည့်တိုက်ဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လင်းရောင်ခြည်စာကြည့်တိုက် အဆောက်အအုံ သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက နမ့်ယွန်းကျေးရွာရှိ လင်းရောင်ခြည်စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းကုန်းကြီးကျေးရွာ အထက်တန်းကျောင်း (ခွဲ) သို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးခြင်းလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကျွန်းကုန်းကြီးကျေးရွာ အ.ထ.က (ခွဲ) ကျာင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူလေးများအား စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့်နံရံကပ်စာစောင်များပြသခြင်းတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြာင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် အခြေခံပညာအလယ်တန်းဆင့် Grade (9) သင်ယူပြီးမြောက်သည့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့တွင် အခြေခံပညာအလယ်တန်းဆင့် Grade (9) သင်ယူပြီးမြောက်သည့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(အဖျောက်) ငုချယ်ရီခန်းမတွင် ကျင်းပသည်။

မြောက်ဥက္ကလာပမြို့နယ်၌ ဆုတောင်းပြည့်‌ မယ်လမုစေတီတော် ဘုရား၀င်းအတွင်း မျက်စိဝေဒနာရှင်များအား "မရှိ၍မလင်းသူမရှိစေရ" ကွင်းဆင်း‌ဆေးကုသပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူပေါင်းဆောင်ရွက်သည့် မျက်စိဝေဒနာရှင်ပြည်သူများအတွက် "မရှိ၍မလင်းသူမရှိစေရ" ဆေးကုသပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန် ဆုတောင်းပြည့် မယ်လမုဘုရား၀င်း၊ သာသနာ့ဗိမာန် (၃)ထပ်ဆောင်တွင် ကွင်းဆင်းကုသမှု ပြုလုပ်ပေးခဲ့ကြသည်။

နတ်မောက်မြို့၌ ၂၀၂၄/ ၂၀၂၅ ပညာသင်နှစ်အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပညာရေးဌာန၏ ကြီးကြပ်ဦးဆောင်မှုဖြင့် ၂၀၂၄/၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade-9 အလုပ်ရုံဆွေးနွေးပွဲသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က နတ်မောက်မြို့ပေါ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း) တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းပျဉ်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade-5 သင်ကြားသင်ယူမှု ထိရောက်ရေးအရည်အသွေးမြင့် ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade-5 သင်ကြားသင်ယူမှု ထိရောက်ရေးအရည်အသွေးမြင့် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ကျောက်ဆည်တက္ကသိုလ်၌ (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာအတွင်းရှိ ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့ရာ ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ကချုပ် ဒေါက်တာရီရီဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲ့ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ မိဘများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to