ဥတ္တရသီရိ ဇန်နဝါရီ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ဖောင်းလောင်ဆည်ရေသောက်ဧရိယာရှိ မိုးကြိုစပါးစိုက်ပျိုးမည့် ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မင်းကုန်းအုပ်စု အုပ်ချူပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ဥတ္တရမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ကျော်မြင့်က ဖောင်းလောင်ဆည်တာဝန်ခံတို့မှ ရေပေးဝေခြင်းနှင့် ရေအသုံးချမှူတို့ကိုလည်းကောင်း၊ အုပ်စုကွင်းတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်သန့်ဇင်ဝင်းက ဘိုကာဂျီသဘာဝမြေဆွေးလုပ်ရန် နည်းလမ်းများကိုလည်းကောင်း၊ အုပ်စုအုပ်ချူပ်ရေးမှူး ဦးဆန်းအောင်က တောင်သူတစ်ဦးလျှင် မြေဆွေးပြုလုပ်ရမည့် ပမာဏတို့ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဒေသခံတောင်သူများ၏ မေးမြန်းချက်များအပေါ် သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)