မရမ်းကုန်းမြို့နယ် ရှစ်မိုင်ခွဲဆည်မြောင်းရုံး၊ အလုပ်ရုံများ၊ ဂိုဒေါင်များနှင့် ဝန်ထမ်းအိမ်ရာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြပွဲ ကျင်းပ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ရှစ်မိုင်ခွဲဆည်မြောင်းရုံး၊ အလုပ်ရုံများ၊ ဂိုဒေါင်များနှင့်ဝန်ထမ်းအိမ်ရာများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့နေ့လည် (၁)နာရီအချိန်က အဆိုပါဌာနရှိ စက်မှုလုပ်ခွင်သင်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သည်။