အစိုးရစက်မှုလက်မှုသိပ္ပံ(မိတ္ထီလာ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ(မိတ္ထီလာ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်တွင် အခြေခံပညာအလယ်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

နမ့်စန်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီခွဲက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်) သရဖီခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဟောင်း သမိုင်းဝင် မဟာရာဇာမုနိ အောင်တော်မူ စေတီတော်မြတ်ကြီး၏ ‌ဌာပနာတော် သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဥယျာဉ်ကုန်း ရပ်ကွက်အတွင်း အသစ်ပြန်လည် တည်ထားကိုးကွယ်တော် မူ‌အပ်သော ရှေးဟောင်း သမိုင်းဝင် မဟာရာဇာမုနိ အောင်တော်မူ စေတီတော်မြတ်ကြီး၏ ‌ဌာပနာတော် သွင်းလှူပူဇော်ခြင်းမဟာမင်္ဂလာ အခမ်းအနားကို ယ‌နေ့ နံနက်ပိုင်းက အဆိုပါ ဘုရားရင်ပြင်ရှိ မဟာမင်္ဂလာ မဏ္ဍပ်တွင် ကျင်းပပြုလုပ်သည်။

အထောင်မြို့ မူလတန်းကြိုကျောင်း၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲ ကျင်းပပြုလုပ်

ကလေးများ၏ ကာယ၊ ဉာဏစွမ်းရည်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အထောင်မြို့ မူလတန်းကြိုကျောင်း၏ ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို  ယမန်နေ့က ကျင်းပပြုလုပ်သည်။

မုဒုံမြို့၌ ရော်ဘာအရည်အသွေး တိုးတက်လာရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ရော်ဘာအရည်အသွေး တိုးတက်လာရေးအတွက် မုဒုံမြို့နယ်ရှိ MSR စက်ရုံများနှင့် ရော်ဘာကုန်ကြမ်း အဝယ်ဒိုင်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက  ရွှေဟင်္သာခန်းမ၌ ပြုလုပ်သည်။

မြစ်သားမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအသိပညာပေး ဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်​ခြင်း နံရံကပ်စာစောင်၊ စာအုပ်စာစောင်များ ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွှေသူဌေး (အ.မ.က) ကျောင်းတွင် ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်​ခြင်း နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲများ ပြသခဲ့သည်။

ဒေါပုံမြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်ဝစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်

လူငယ်ဟူသည် အနာဂတ်နိုင်ငံတော်၏ တန်ဖိုးထားအားကိုးရမည့် အဖိုးတန်အရင်းအမြစ်များ ဖြစ်သည့်အားလျော်စွာ လူငယ်ကဏ္ဍကို နိုင်ငံတော်မှ ဘက်ပေါင်းစုံမှ ပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်နှင့် တာဝန်ရှိသူများက ဟိုပုံးမြို့နယ်ရှိ ဘိန်းစိုက်ခင်းများအား ဖျက်ဆီး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားကျေးရွာနှင့် စံဖူးကျေးရွာရှိ ဘိန်းစိုက်ခင်းများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ သွားရောက်ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
Subscribe to