မြောက်ဥက္ကလာပမြို့နယ်၌ ဆုတောင်းပြည့် မယ်လမုစေတီတော် ဘုရား၀င်းအတွင်း မျက်စိဝေဒနာရှင်များအား "မရှိ၍မလင်းသူမရှိစေရ" ကွင်းဆင်းဆေးကုသပေး
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူပေါင်းဆောင်ရွက်သည့် မျက်စိဝေဒနာရှင်ပြည်သူများအတွက် "မရှိ၍မလင်းသူမရှိစေရ" ဆေးကုသပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန် ဆုတောင်းပြည့် မယ်လမုဘုရား၀င်း၊ သာသနာ့ဗိမာန် (၃)ထပ်ဆောင်တွင် ကွင်းဆင်းကုသမှု ပြုလုပ်ပေးခဲ့ကြသည်။