ရှေးဟောင်း သမိုင်းဝင် မဟာရာဇာမုနိ အောင်တော်မူ စေတီတော်မြတ်ကြီး၏ ဌာပနာတော် သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဥယျာဉ်ကုန်း ရပ်ကွက်အတွင်း အသစ်ပြန်လည် တည်ထားကိုးကွယ်တော် မူအပ်သော ရှေးဟောင်း သမိုင်းဝင် မဟာရာဇာမုနိ အောင်တော်မူ စေတီတော်မြတ်ကြီး၏ ဌာပနာတော် သွင်းလှူပူဇော်ခြင်းမဟာမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဘုရားရင်ပြင်ရှိ မဟာမင်္ဂလာ မဏ္ဍပ်တွင် ကျင်းပပြုလုပ်သည်။