ကျုံပျော် ဇန်နဝါရီ ၁၈
ကလေးများ၏ ကာယ၊ ဉာဏစွမ်းရည်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အထောင်မြို့ မူလတန်းကြိုကျောင်း၏ ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝေဝေလွင်က ဌာန၏ လုပ်ငန်းဆောင်ရွက်မှုကိစ္စများ၊ ကလေးများအတွက် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။
ထို့နောက် မူကြိုကလေးငယ်လေးများက ပန်းပွားအကဖြင့် ဖျော်ဖြေကြပြီး၊ ဖိနပ်စီး၊ အပ်ချဉ်ထိုး၊ ပူပေါင်းဖောက်၊ ခေါင်းအုံးရွက်၊ ဂုံနီအိတ်စွပ် စသည့် ကာယစွမ်းရည်ပြိုင်ပွဲများအား အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ တာဝန်ရှိသူများက ပြိုင်ပွဲတွင် ဆုရရှိကြသည့် မူကြိုကလေးငယ်များအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မူကြိုကျောင်းအုပ်ကြီးနှင့် ၀န်ထမ်းများ၊ ကျောင်းသားမိဘများ၊ မူကြိုကလေးငယ်များ အသီးသီး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)