မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်သယံဇာတရေးရာဝန်ကြီး မိတ္ထီလာမြို့နယ်အတွင်း စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး ကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်ဦးရွှေဇင်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့က မိတ္ထီလာမြို့နယ်တွင်း စိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်းထွက်ရှိရေး ခရိုင်နှင့် မြို့နယ်စိုက်ညှိအဖွဲ့တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများအား တွေ့ဆုံဆွေးနွေးပြီး သီးနှံစိုက်ပျိုးမည့်နေရာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမအကြိမ် အုတ်တွင်းနယ်မြေ အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ၂၀၂၄၂၀၂၅ ပညာသင်နှစ်၊ ပထမအကြိမ် အုတ်တွင်း​နယ်မြေအာစရိယပူဇော်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအလယ်တန်း(ခွဲ)စျေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်တက္ကသိုလ် (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ပြည်တက္ကသိုလ်၏ (၂၂)ကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ယင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ရှေးဦးစွာ ပြည်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသက်လွင်နှင့် သဟာယအဖွဲ့ဝင်များ သတ်မှတ်နေရာယူကြသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် (Grade 9) အရည်အသွေးမြှင့် ခရိုင်အဆင့်ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ အလယ်တန်းအဆင့်(Grade-9) အရည်အသွေးမြှင့် ခရိုင်အဆင့်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ Youth Club အဖွဲ့ဝင်လူငယ်များ၏ လူငယ်စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့၌ မိုင်းအန္တရာယ်ဖြစ်နိုင်ခြေသိရှိသတိပြုခြင်းနှင့်ဘေးကင်းစွာပြုမူနေထိုင်ခြင်း အသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ရာဖူးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူးပေါင်း၍ ကလိန်အောင်မြို့ ကြက်ခြေနီအသင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများအား မိုင်းအန္တရာယ်ဖြစ်နိုင်ခြေသိရှိ သတိပြုခြင်းနှင့် ဘေးကင်းစွာပြုမှုနေထိုင်ခြင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပကြောင်း သိရသည်။

ညောင်ရွှေမြို့၌ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆဋ္ဌမအကြိမ်မြောက် အင်းလေးကန်ဖြတ် စုပေါင်းစက်ဘီးစီးနင်းပွဲပြုလုပ်

ရှမ်းပြည်နယ် အင်းလေးဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အစီအစဉ်အဖြစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ညွှန်ကြားချက်ဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ဆဋ္ဌမအကြိမ်မြောက် အင်းလေးကန်ဖြတ် စုပေါင်း စက်ဘီးစီးနင်းပွဲကို ယမန်နေ့နံနက်(၇)နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့ လွတ်လပ်ရေး ကျောက်တိုင်ကွင်းစုရပ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး ရန်ပုံငွေလွှဲ‌ပြောင်းပေးအပ်ပွဲ အခမ်းအနားပြုလုပ်

‌ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဘက်စုံသုံးခန်မ၌ ပြုလုပ်သည်။

ဒေးဒရဲမြိုနယ် အခြေခံပညာကျောင်းများရှိ (Grade-5)၊ (Grade-9) ကျောင်းသား၊ ကျောင်းသူများ သင်ကြားမှုထိရောက်ရေး အရည်အသွေးမြင့် ဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အခြေခံပညာကျောင်းများတွင် သင်ကြားမှုနည်းစနစ်များပိုမိုတိုးတက်လာစေရေးနှင့် အခြေခံပညာအထက်တန်းကျောင်းများက (Grade-5)၊ (Grade-9)ဘာသာရပ်သင် ဆရာ၊ဆရာမများသင်ကြားမှုထိရောက်ရေး အရည်အသွေးမြင့်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to