တနင်္သာရီမြို့နယ် အ.မ.ကတပ်ဦးကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက် တပ်ဦးအခြေခံပညာမူလတန်းကျောင်းပညာရေးမိသားစုက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်ပြည်သူ့ဆေးရုံ၌ "မရှိ၍မလင်းသူမရှိစေရ" ကွင်းဆင်းအစီအစဉ် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြည်သူ့ဆေးရုံ၌ ရန်ကုန်တိုင်း‌ဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းးမာရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ "မရှိ၍မလင်းသူမရှိစေရ"  ကွင်းဆင်းအစီအစဉ်ကို ယမန်နေ့နံနက် (၇)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ကွင်းဆင်းကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်အတွင်းရှိ ရှမ်းစုကျေးရွာ အခြေခံပညာမူလတန်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်၊ ထိပ်ဝကြီးကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ဇန်နဝါရီလ ၁၇ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အထပ်မြင့်အဆောက်အအုံ မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးသဏ္ဍာန်တူသရုပ်ပြ

မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့်ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာနှင့် ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန်နှင့် လေ့ကျင့်သားပြည့်ဝစေရန် ကရင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ အထပ်မြင့်အဆောက်အအုံ မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးသဏ္ဍာန်တူ သရုပ်ပြလေ့ကျင့်မှုကို ယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ အားကစားသမားတည်းခိုဆောင်(၅)ထပ် အဆောက်အဦ၌ ကျင်းပသည်။

ဧရာဝတီတိုင်း​ဒေသကြီး၊ လူမူရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်တာဝန်ရှိသူများ ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် ရေကြီးရေလျှံမှု ကာကွယ်ရေးတာများ ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည်ရှုစစ်ဆေး

ဧရာဝတီတိုင်း​ဒေသကြီး အစိုးရအဖွဲ့ဝင်လူမူရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးရုံးမှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် ရေကြီးရေလျှံမှ ကာကွယ်ရေးတာများ ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းခွင်သို့ရောက်ရှိ၍ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည်ရှုစစ်ဆေးခဲ့ကြသည်။

တာချီလိတ်မြို့နယ်စာရေးဆရာအသင်း “နေ့သစ်ရည်ညွှန်းစာကြည်တိုက်” တည်ထောင်ခြင်း (၁၀)နှစ်ပြည့် “သံဖြူရတု” အထိမ်းအမှတ် အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်စာရေးဆရာအသင်း “နေ့သစ်ရည်ညွှန်း စာကြည်တိုက်” တည်ထောင်ခြင်း (၁၀)နှစ်ပြည့် “သံဖြူရတု” အထိမ်းအမှတ် အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဆန်ဆိုင်း(ခ) ရပ်ကွက်၊  တာချီလိတ်မြို့နယ် စာရေးဆရာအသင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးသုံးစွဲနိုင်ရေး Uni Energy Co.Ltd နှင့် ညှိနှိုင်းဆွေးနွေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ စက်မှုဇုန်တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးသုံးစွဲနိုင်ရေး UNI ENERGY Co.Ltd ပနာမကွင်းဆင်းလုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့၊ မွန်းလွှဲ ၁ နာရီခွဲက အေးသာယာစက်မှုဇုန်စီမံခန့်ခွဲရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုကော်မတီမှ ကြီးမှူးကျင်းပခဲ့သည် ကာယ/ဉာဏပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင် ဗန်းမော်ဆရာတော်ဘုရားကြီး၏ အထိမ်းအမှတ်ပြတိုက် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးနေမှုအခြေအနေနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုတို့အားကြည့်ရှု

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်ရှိ ဗန်းမော်ကျောင်းတိုက်ကြီးတွင် ဗန်းမော်ဆရာတော်ဘုရားကြီး၏ အထိမ်းအမှတ်ပြတိုက် အကောင်အထည်ဖော်ဆောင်ရွက်ပြီးနေမှုအခြေအနေနှင့် ကျောင်းတိုက်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ခံတောရပ်ကွက်ရှိ အမှတ် (၅၃) အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု လိုက်လံကြည့်ရှုအားပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ပညာသင်ကြားနေကြသည့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် ကျန်းမာသန်စွမ်းစွာ ပညာသင်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ခံတောရပ်ကွက်၊ အမှတ် (၅၃) အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
Subscribe to