သထုံမြို့နယ်တွင် မဟာသင်္ကြန်အတက်နေ့၌ ရေကစားသူများဖြင့်စည်ကား

သထုံ ဧပြီ ၁၆

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်ရှိ ခရိုင်အဆင့်ဗဟို‌ရေကစားမဏ္ဍပ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အတက်နေ့၌ ပြည်သူများ ‌အေးချမ်းပျော်ရွှင်စွာဖြင့် ရေသဘင်ပွဲတော်ကို စည်ကားစွာ ဆက်လက်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

သထုံခရိုင်အဆင့်ဗဟိုရေကစားမဏ္ဍပ်ကြီးကို သထုံမြို့ ရွှေစာရံစေတီအနီး၌ထားရှိပြီး အနုပညာရှင်များနှင့် ယိမ်းအဖွဲတို့က တေးဂီတများ၊ ရိုးရာသင်္ကြန်ယိမ်းအကများဖြင့် အလှည့်ကျဖျော်ဖြေကြရာ လာရောက်ကြည့်ရှုသူ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။

သထုံမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များ၌ မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်း၊ ရွှေရင်အေး စသည့် ရိုးရာအစားအစာများကို အစုအဖွဲ့အလိုက် ပြုလုပ်ကျွေးမွေးလှူဒါန်းကြပြီး အုန်းလက်မဏ္ဍပ်ငယ်များဖြင့် ရေကစားခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီများ၌ ဥပုသ်သီလဆောက်တည်ခြင်း တရားဘာဝနာများပွားများခြင်းတို့ဖြင့် မြန်မာ့ရိုးရာမဟာသင်္ကြန် အတက်နေ့အား အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)