သင်္ကြန်အတက်နေ့တွင် ပေါင်းတည်မြို့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်၌ ရေကစားသူများ စည်ကား

ပေါင်းတည်  ဧပြီ ၁၆

၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်(အတက်နေ့) ယနေ့နံနက်ပိုင်းတွင် ပေါင်းတည်မြို့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်၌ ရေကစားသူများ အထူးစည်ကားများပြားလျက်ရှိသည်။

ရေကစာသူများအား ဗဟိုမဏ္ဍပ်၌ သင်္ကြန်ဓလေ့ရိုးရာအစားအစာများ ကျွေးမွေးဧည့်ခံကြပြီး ခေတ်ပေါ်တေးသီချင်း သီဆိုဖျော်ဖြေမှုများနှင့် မြန်မာ့ရိုးရာယိမ်းအကအလှများ အပါအဝင် သနပ်ခါးမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲလျက်ရှိရာ မဟာသင်္ကြန်အတက်နေ့တွင် ရေကစားသူများ ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)