မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  အခြေခံပန်းချီသင်တန်းဖွင့်လှစ်ပို့ချ

မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီ၊ ပန်းပုအသင်း အစည်းအရုံးတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံပန်းချီသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ခရိုင်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကာယ၊ ဉာဏ စွမ်းရည် ပြိုင်ပွဲများကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မိခင်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဒီဇင်ဘာ ၂၀ ရက်နေ့က မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ရွေးချယ်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ် ကျောင်းသား/သူများအား မောင်မယ်သစ်လွင်ရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လှည်းကူးပညာရေးဒီဂရီကောလိပ် ပညာ့အားမာန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တီးတိန်မြို့၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အကြိုကဗျာနှင့်စာစီစာကုံးပြိုင်ပွဲပြုလုပ်

ချင်းပြည်နယ်တီးတိန်မြို့၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အကြိုကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တီးတိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇလွန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော မူကြိုကလေးငယ်မိခင်များ၏ တန်ဘိုးနည်းအာဟာရချက်ပြုတ်ပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော ကလေးငယ်များအား အာဟာရအုပ်စုသုံးအုပ်စုနှင့် ညီမျှအောင် စားသုံးနိုင်စေရန်ရည်ရွယ်၍ မူကြိုကလေးငယ်မိခင်များ၏ တန်ဘိုးနည်းအာဟာရ ချက်ပြုတ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် လမ်းမတော်မြောက်ရပ်ကွက် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် မြို့နယ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသည့်လမ်းအား တာဝန်ရှိသူများ ကြည့်ရှု

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ကောင်းမွန်လာစေရေးအတွက် ဆောင်ရွက်ပေးနေလျက်ရှိရာ အမှတ်(၂)ရပ်ကွက်နယ်မြေရှိ လေယာဉ်ကွင်းလမ်းအား မြေသားလမ်း ဖောက်လုပ်၍ ဗြုံးသဲခင်းခြင်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ညောင်ရွှေမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်အတွင်း မီးလောင်မှုများမဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးဘေးလုံခြုံရေး ကြိုတင်ဇာတ်တိုက် လေ့ကျင့် ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့မ မင်္ဂလာစျေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၌ ဒီဇင်ဘာ(တတိယ)အပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက်(၅)နာရီခွဲက တောင်ကြီးမြို့၊ မြို့မဈေးကြီးရှေ့တွင် စုရပ် နေရာယူပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တာလွှတ်ပေး၍ ဗိုလ်ချုပ်အောင်ဆန်းလမ်း အတိုင်း လျှောက်လာကြပြီး ရှမ်းပြည်နယ်လွှတ်တော်ရုံးရှေ့ကွေ့၍ ရုံးကြီးလမ်းဟောင်းအတိုင်း လျှောက်ကာ ပြည်နယ်အားကစားကွင်း၌ သွေးပူအကြောဖြေ လေ့ကျင့်ခန်းဆောင်ရွက်ပြီး ကိုယ်လက်လေ့ကျင့်ခန်း အတွဲ(၁)၊ အမှတ်(၂)ပြုလုပ်ကြ၍ အကြောဖြေလေ့ကျင့်ခန်းများအဖြစ် ဆောင်ရွက်ကြကြောင်း သိရသည်။

မုံရွာမြို့၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ဌာနဆိုင်ရာများနှင့်ပြည်သူ ၄၀၀၀ ကျော် ပါဝင်ဆင်နွှဲ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင်ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မြို့နေပြည်သူများနှင့် အားကစားကို ချစ်မြတ်နိုးသူများ တက်ရောက်ကြကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ စက်မှုလယ်ယာသုံး စပါးခြွေလှေ့စက်ဖြင့် မိုးစပါးစံကွက်ရိတ်သိမ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် မိုးစပါးဧရာမင်း စံကွက်ရိတ်သိမ်းပွဲကို ဆင်သေကွင်း၊ ကွင်းအမှတ် ၅၆၇ တောင်သူ ဒေါ်ကျော့ကေခိုင်၏ လယ်ယာမြေ၌ ဒီဇင်ဘာ ၁၈ ရက်နံနက် ၁၀ နာရီက စက်မှုလယ်ယာသုံး စပါးခြွေ လှေ့စက်ဖြင့် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
Subscribe to