ဒေးဒရဲမြို့နယ် တညင်ကုန်းကျေးရွာ၌ ကျန်းမာရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ကျေးလက်နေပြည်သူများ ကျန်းမာရေး ဗဟုသုတများ ပိုမိုတိုးပွားစေရန်နှင့် အာဟာရပြည့်ဝသည့် အစားအစာများ ညီညွတ်မျှတစွာ စနစ်တကျစားသုံးနိုင်စေရေး ရည်ရွယ်၍ သွေးချို၊ ဆီးချို၊ အသည်းရောင်အသားဝါရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ(၂၁)ရက်နေ့ မွန်းလွဲ(၁၂)နာရီခွဲက တညင်ကုန်းကျေးရွာ၊ ပေါ်တော်မူဘုရားဝန်းရှိ ဓမ္မာရုံတွင် ကွင်းဆင်းဟောပြောခဲ့ကြောင်း သိရသည်။