တန့်ယန်းမြို့နယ်တွင် မြို့နယ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသည့်လမ်းအား တာဝန်ရှိသူများ ကြည့်ရှု

တန့်ယန်း ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ကောင်းမွန်လာစေရေးအတွက် ဆောင်ရွက်ပေးနေလျက်ရှိရာ အမှတ်(၂)ရပ်ကွက်နယ်မြေရှိ လေယာဉ်ကွင်းလမ်းအား မြေသားလမ်း ဖောက်လုပ်၍ ဗြုံးသဲခင်းခြင်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါလမ်းအား မြေသားလမ်းအရှည် ၁၁၀၀ ပေ၊ အကျယ် ၁၂ ပေအား ဖောက်လုပ်ကာ ဗြုံးသဲခင်း၊ စက်ကြိတ်ခြင်းကို ဆောင်ရွက်နေပြီး တန့်ယန်း-ပန်ဆန်းလမ်းနှင့် မြို့တွင်းလမ်း လွယ်ကူစွာ ချိတ်ဆက်စေရန် ဖောက်လုပ်ပေးနေခြင်းဖြစ်ရာ မြို့နယ်မှတာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့မှ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)