လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ရွေးချယ်ပွဲကျင်းပ

လှည်းကူး ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ် ကျောင်းသား/သူများအား မောင်မယ်သစ်လွင်ရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးပညာရေးဒီဂရီကောလိပ် ပညာ့အားမာန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ လှည်းကူးပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများက တိုးတက်ဝေစည် လှည်းကူးဒီဂရီကျောင်းသီချင်းဖြင့်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး လှည်းကူးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်က အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မောင်သစ်လွင်(၁၂)ဦးနှင့် မယ်သစ်လွင် (၁၈)ဦးတို့က ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ မောင်သစ်လွင်၊ မယ်သစ်လွင်များကို မဲပေးရွေးချယ်ခဲ့သည်။ ရွေးချယ်ခံရသော မောင်သစ်လွင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးခင်ဇော်က အထိမ်းအမှတ်စလွယ်ကိုချီးမြှင့်ခဲ့ပြီး လှည်းကူးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက ရွေးချယ်ခံရသော မယ်သစ်လွင်အား အထိမ်းအမှတ် စလွယ်၊ သရဖူနှင့် ကျိုင်းတို့ကိုချီးမြှင့်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ လှည်းကူးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသား/သူများ စုစုပေါင်း(၉၅၀)ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)