ညောင်ရွှေ ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်အတွင်း မီးလောင်မှုများမဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးဘေးလုံခြုံရေး ကြိုတင်ဇာတ်တိုက် လေ့ကျင့် ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့မ မင်္ဂလာစျေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မီးဘေးလုံခြုံရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်သူဟိန်း ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ပြသခြင်း၊ အမြုပ်မီးသတ်ဆေးရည်ဖြင့်မီးငြှိမ်းသတ်ခြင်းများကို မြို့နယ် စည်ပင်သာယာရေးဌာနမှဝန်ထမ်းများနှင့် စျေးသူစျေးသားများကို လက်တွေ့ပြသလေ့ကျင့် ဆောင် ရွက်ခဲ့သည်။
မီးဘေးလုံခြုံရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးတင့်ဝေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဈေးသူဈေးသားများ ကြည့်ရှုအားပေးခဲ့ပြီး ဈေးအတွင်း မီးဘေးအန္တရာယ် ကင်းဝေး ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်