ကန့်ဘလူမြို့နယ်၌ စက်မှုလယ်ယာသုံး စပါးခြွေလှေ့စက်ဖြင့် မိုးစပါးစံကွက်ရိတ်သိမ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် မိုးစပါးဧရာမင်း စံကွက်ရိတ်သိမ်းပွဲကို ဆင်သေကွင်း၊ ကွင်းအမှတ် ၅၆၇ တောင်သူ ဒေါ်ကျော့ကေခိုင်၏ လယ်ယာမြေ၌ ဒီဇင်ဘာ ၁၈ ရက်နံနက် ၁၀ နာရီက စက်မှုလယ်ယာသုံး စပါးခြွေ လှေ့စက်ဖြင့် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးလုံးဆိုင်ရာ ဝိနယာနုဂ္ဂဟအသင်းကြီး (၉၃) ကြိမ်မြောက် ဘုရားဖြူစာတော်ပြန်ပွဲ တတိယနေ့ ဆက်လက်ဖြေဆို

ရန်ကုန်တိုင်းဒေသကြီးလုံးဆိုင်ရာ ဝိနယာနုဂ္ဂဟအသင်းကြီးမှ သာသနာတော်ထွန်းကားပျံ့ပွားရေးအတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် နှစ်စဉ်ကျင်းပမြဲ (၉၃)ကြိမ်မြောက် ဘုရားဖြူဝိနည်း စာတော်ပြန်ပွဲကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်ရှိ ဘုရားဖြူကျောင်းတိုက်တွင်  တတိယနေ့ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိုင်းတုံမြို့၊ အ.ထ.က မိုင်းတုံ စာသင်ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘ/ဆရာ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အ.ထ.က မိုင်းတုံစာသင်ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မိဘ/ဆရာတွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ ကျောင်းကော်မတီအဖွဲ့များ၊ ကျောင်းသားမိဘများ၊ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ ကျောင်းအခြေပြု တီဘီရောဂါစမ်းသပ်စစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူ (၁၉၁၄၆)ဦး ရှိပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းအခြေပြု တီဘီရောဂါ စမ်းသပ်ရှာဖွေစစ်ဆေးခြင်းကို ဒီဇင်ဘာ(၁၆)ရက်နေ့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ(၁၉)ရက်နေ့အထိ (၁၉၁၄၆) ဦးနှင့် ကျောင်းပေါင်း(၁၄၆)ကျောင်း စစ်ဆေးဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

မိုင်းတုံ-တာဆန်းသွား ပေ(၉၀)ဗေလီနှစ်လွှာတစ်ထပ်တံတား တည်ဆောက်ပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်မိုင်းတုံ-တာဆန်းသွားလမ်း၌ ပေ(၉၀)ဗေလီနှစ်လွှာတစ်ထပ်တံတား တည်ဆောက်ပြီးစီးမှုကို တံတားအထူးအဖွဲ့ (၁၂)မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ 

မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ် ပေါင်းလောင်းချောင်းရေပြင်ကျယ်အတွင်း ငါးမျိုးများစိုက်ထည့်

ရှမ်းပြည်နယ်‌တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့တွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က လိန်းလီတံတားအနီးနှင့် ရွှေတကြီးကျေးရွာအနီး ပေါင်းလောင်းချောင်းရေပြင်ကျယ်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးကြကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌  ကြံတစ်တန် ကျပ် ၁၈၀၀၀၀ ထိ ဈေးကောင်းရ

ကြံရာသီရောက်ရှိလာပြီဖြစ်သဖြင့် ပေါက်ခေါင်းမြို့နယ် အင်ငါးခွသကြားစက်ရုံမှ ကြံတစ်တန် စက်ရုံအရောက် ကျပ် ၁၈၀၀၀၀ ထိဈေးပေးဝယ်ယူသည်ဟု ကြံစိုက်တောင်သူများထံမှ သိရသည်။

ဘားအံတက္ကသိုလ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဘားအံတက္ကသိုလ်၊ ငုရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူများ၊ ဆရာ/ဆရာမများ၊ ဘာသာရပ်အသီးသီးမှ ပထမနှစ်နှင့်တတိယနှစ် ကျောင်းသား/ကျောင်းသူများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပဲခူးမြို့တွင် ဒီဇင်ဘာလစုပေါင်းလူထုလမ်းလျှောက်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဒီဇင်ဘာလ စုပေါင်းလူထု လမ်းလျှောက်ပွဲကို ဒီဇင်ဘာလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ ၌ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဥပဒေချုပ်တို့ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
Subscribe to