တီးတိန် ဒီဇင်ဘာ ၂၂
ချင်းပြည်နယ်တီးတိန်မြို့၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အကြိုကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တီးတိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ၌ အထက်တန်းနှင့်အလယ်တန်းအဆင့်တွင် ကဗျာနှင့်စာစီစာကုံး၊ မူလတန်းအဆင့်တွင် စာစီစာကုံးပြိုင်ပွဲများ ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲသို့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ဒိုင်းခန့်ဒိမ့်