တောင်ကြီးမြို့၌ ဒီဇင်ဘာ(တတိယ)အပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲပါဝင်ဆင်နွှဲ

တောင်ကြီး ဒီဇင်ဘာ ၂၂

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက်(၅)နာရီခွဲက တောင်ကြီးမြို့၊ မြို့မဈေးကြီးရှေ့တွင် စုရပ် နေရာယူပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တာလွှတ်ပေး၍ ဗိုလ်ချုပ်အောင်ဆန်းလမ်း အတိုင်း လျှောက်လာကြပြီး ရှမ်းပြည်နယ်လွှတ်တော်ရုံးရှေ့ကွေ့၍ ရုံးကြီးလမ်းဟောင်းအတိုင်း လျှောက်ကာ ပြည်နယ်အားကစားကွင်း၌ သွေးပူအကြောဖြေ လေ့ကျင့်ခန်းဆောင်ရွက်ပြီး ကိုယ်လက်လေ့ကျင့်ခန်း အတွဲ(၁)၊ အမှတ်(၂)ပြုလုပ်ကြ၍ အကြောဖြေလေ့ကျင့်ခန်းများအဖြစ် ဆောင်ရွက်ကြကြောင်း သိရသည်။

ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပေဒချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ တစ်ပျော်တစ်ပါးအင်အား (၁၄၀၇၅)ခန့် ပါဝင်လမ်းလျှောက်ကြကြောင်း သိရသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများ ဘင်ခရာတပ်ဖွဲ့ ပါဝင်ယှဥ်ပြိုင်နေမှုနှင့် အလယ်တန်းအဆင့် ပန်းပွားအက ပါဝင်ယှဥ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။ အဆိုပါ လမ်းလျှောက်ပွဲသို့ တက်ရောက်လာကြသူများသည် ကြက်တောင်ရိုက်ကစားခြင်း၊ ဘော်လီဘောကစားခြင်း၊ ဘောလုံးကစားခြင်း၊ ခြင်းလုံးစုပေါင်းဝိုင်းဖွဲ့ကစားကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)